လွယ်လွယ်ပြောရရင် Open Source AI Model ဆိုတာ AI Model တစ်ခု ဘယ်လို အလုပ်လုပ်လဲဆိုတဲ့ အဓိက “စာရွက်” — Model Weights တွေ — ကို အလကား ဖွင့်ပေးထားတဲ့ Model ပါ။ ChatGPT လို closed model တွေက API ကနေပဲ သုံးလို့ရတယ်၊ သူ့ရဲ့ အတွင်းထဲ ဘာရှိလဲ ကိုယ်မမြင်ရဘူး။ Open source model တွေကျတော့ ကိုယ်တိုင် download လုပ်ပြီး ကိုယ့်ကွန်ပျူတာပေါ်မှာ run လို့ရတယ်။

ကျွန်တော် ဒါကို ချက်ပြုတ်နည်းနဲ့ ဥပမာပေးချင်တယ်။ ဆိုင်က ဟင်းတစ်ပွဲ ဝယ်စားတာက closed model နဲ့ တူတယ် — အရသာကောင်းတယ်၊ ဒါပေမယ့် ဘာထည့်ထားလဲ မသိဘူး၊ အရသာ ပြင်ချင်လည်း ပြင်လို့မရဘူး။ ချက်နည်းစာအုပ် အပြည့်အစုံ ရထားတာက open source model နဲ့ တူတယ် — ကိုယ်တိုင် ချက်လို့ရတယ်၊ အစပ်လျှော့ချင်လျှော့၊ ကြက်သားအစား ဝက်သား ထည့်ချင်ထည့်၊ ကိုယ့်စိတ်ကြိုက် ပြင်လို့ရတယ်။

နာမည်ကြီး Open Source Model တွေ

Llama — Meta က ထုတ်တဲ့ Model။ Llama 3 ဆိုရင် 8B, 70B ဆိုပြီး အရွယ်အစား အမျိုးမျိုး ရှိတယ်။ အသုံးအများဆုံး open model တွေထဲက တစ်ခု။
Mistral — ပြင်သစ် ကုမ္ပဏီ Mistral AI က ထုတ်တယ်။ သေးသေးလေး ပေမယ့် တော်တော် မြန်ပြီး ထိထိမိမိ ဖြေနိုင်တယ်။
Qwen — Alibaba က ထုတ်တဲ့ Model။ Coding နဲ့ ဘာသာစကား အများကြီး နားလည်တာမှာ နာမည်ကြီးတယ်။
DeepSeek R1 — Reasoning Model အနေနဲ့ နာမည်ကြီးသွားတယ်။ တွေးပြီးမှ ဖြေတဲ့ Model ကို အလကား ရတာ။
Gemma — Google က ထုတ်တဲ့ သေးသေးလေး Model။ ဖုန်းနဲ့ လက်တော့မှာ run လို့ ကောင်းတယ်။

ဘာလို့ လူတွေ Open Source Model ကို ကြိုက်ကြတာလဲ?

Privacy — ကိုယ့်စာကို ကိုယ့်ကွန်ပျူတာပေါ်မှာပဲ ထားပြီး သုံးလို့ရတယ်။ Internet ကို ဘာမှ မပို့ဘူး။ Company ရဲ့ လျှို့ဝှက်စာ၊ ကိုယ်ရေးကိုယ်တာ စာတွေနဲ့ သုံးတဲ့အခါ ဒါက အရေးအကြီးဆုံးပဲ။
ပိုက်ဆံ သက်သာတယ် — API ကို တစ်ခါမေးတိုင်း ပိုက်ဆံ ပေးရတယ်။ Open model ကို download ပြီးရင် ထပ်ပြီး ပေးစရာ မရှိဘူး။ ကိုယ့် GPU ရှိရင် ကိုယ့်ဘာသာ run လို့ရတယ်။
ကိုယ့်အလုပ်အတွက် ပြင်လို့ရတယ် — Fine-tuning အကြောင်း ပြောခဲ့ဖူးတယ်။ Open model ကို ကိုယ့်ဒေတာနဲ့ ထပ်သင်ပြီး ကိုယ့်အလုပ်အတွက် အထူးပြု Model ဖြစ်အောင် လုပ်လို့ရတယ်။
Internet မလိုဘူး — တစ်ခါ download ပြီးရင် offline သုံးလို့ရတယ်။ Internet နှေးတဲ့နေရာ၊ လေယာဉ်ပေါ်မှာတောင် AI သုံးလို့ရတယ်။

“Open” ဆိုတာ တကယ် ဘာကို ဆိုလိုတာလဲ?

ဒီမှာ နည်းနည်း သတိထားစရာ ရှိတယ်။ Open source model တိုင်းက တကယ့် open source မဟုတ်ဘူး။ တချို့က Weights ကို အလကား ပေးပေမယ့် Training data ဘာသုံးထားလဲ မပြောဘူး။ တချို့က License မှာ ကန့်သတ်ချက် ပါတယ် — ဥပမာ Llama ရဲ့ license က လူသန်း ၇၀၀ ကျော် သုံးရင် Meta ကို ခွင့်တောင်းရမယ်လို့ ပါတယ်။ တကယ့် open source စစ်စစ်ဆိုရင် Apache 2.0 ဒါမှမဟုတ် MIT license နဲ့ ပေးထားတာမျိုးပေါ့။ ဒါကို “Open Weights” လို့ ခွဲခေါ်ကြတယ်။ ကိုယ်သုံးမယ့် Model ရဲ့ license ကို တစ်ချက် ဖတ်ကြည့်တာ အကောင်းဆုံးပဲ။

ကိုယ်တိုင် ဘယ်လို စမ်းကြည့်ရမလဲ?

Ollama နဲ့ စမ်းပါ — ollama.com ကနေ Ollama ကို install လုပ်ပြီး ollama run llama3.2 လို့ ရိုက်လိုက်ရုံနဲ့ ကိုယ့်လက်တော့မှာ ChatGPT လို chat လို့ရပြီ။ Terminal မှာ run တာပါ။
LM Studio သုံးပါ — Terminal မကြိုက်ရင် LM Studio က GUI နဲ့ ပေးထားတယ်။ Model ကို ရှာပြီး download လုပ်ပြီး chat လုပ်ရုံပဲ။
အသေးစား Model ကနေ စပါ — 7B ဒါမှမဟုတ် 8B လောက်ကနေ စပါ။ RAM 16GB လောက်ရှိရင် အဆင်ပြေတယ်။ အကြီးကြီး Model တွေက GPU ကောင်းကောင်း လိုတယ်။
Hugging Face မှာ ရှာပါ — huggingface.co က open model တွေရဲ့ စာကြည့်တိုက်ကြီးပါ။ Model တစ်ခုချင်းစီရဲ့ အရွယ်အစား၊ license၊ စွမ်းဆောင်ရည် အကုန် ရေးထားတယ်။

သတိထားရမယ့် အချက်တွေ

Guardrail ကိုယ်တိုင် တာဝန်ယူရတယ် — Closed model တွေမှာ Company က အန္တရာယ်ရှိတဲ့ အဖြေတွေ မထွက်အောင် စစ်ပေးတယ်။ Open model မှာတော့ ဒါက ကိုယ့်တာဝန်ပဲ။
Update ကိုယ်တိုင် လုပ်ရတယ် — Model အသစ်ထွက်ရင် ကိုယ်တိုင် ပြန် download လုပ်ရတယ်။
အကြီးကြီး Model က နေရာ အများကြီး ယူတယ် — 70B Model တစ်ခုက hard disk မှာ 40GB ကျော် ယူတယ်။ Download မလုပ်ခင် နေရာ စစ်ပါ။

Open source model တွေက AI ကို လူတိုင်းလက်ထဲ ရောက်အောင် လုပ်ပေးနေတယ်။ Company ကြီးတွေရဲ့ API ကို အားကိုးစရာ မလိုဘဲ ကိုယ်တိုင် AI ပိုင်ဆိုင်ပြီး သုံးလို့ရတဲ့ ခေတ်ကို ရောက်နေပြီ။ ကိုယ့်လက်တော့မှာ AI တစ်လုံး run ကြည့်တာ တကယ် ပျော်စရာကောင်းတယ်။ စမ်းကြည့်ပါဦး။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts