ကမ္ဘာကြီးကို အမြန်ဆုံးပတ်သွားနိုင်ဖို့ လေယာဉ်၊ ဂြိုလ်တု စီးသွားရန်မလိုပါ။ အင်တာနက်ပေါ်သာ တက်လိုက်ပါ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို စက္ကန့်ပိုင်းအတွင်း စာတစ်စောင်ပို့မလား။ မျက်နှာတွေ့ပြီး စကားပြောမလား။ ဒါတွေသာမက သတင်းတစ်ခုကို သတင်းစာ၊ ဂျာနယ် ထွက်လာသည်အထိ စောင့်ဖတ်စရာမလိုပါ။ အင်တာနက်ပေါ်မှာ မိနစ်ပိုင်းအတွင်း လွှင့်တင်သူရှိပါက အလွယ်ကြည့်ရှုနိုင်ပါတယ်။
ကမ္ဘာကြီးဟာ Cable တွေလွှမ်းခြုံလာတာကြောင့် ကွန်ယက်ထဲရောက်နေတဲ့ ဘောလုံးလိုဖြစ်လာပါပြီ။ မြန်မာမှာဆိုရင်လည်း ၂၀၁၃ ဟာ မိုဘိုင်းအင်တာနက်ခေတ် ဖြစ်လာပါပြီ။
| Photo by Thomas Jensen on Unsplash |
အင်တာနက်ဆိုတာကတော့ အမြဲဖွင့်ထားတဲ့ Server ကွန်ပျူတာကို ချိတ်ဆက်ထားပြီး အပြန်အလှန် စီးမြောနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
ဒါကို Network အစုအဝေးလို့လည်း သိထားနိုင်ပါတယ်။ အင်တာနက်လိုင်းကို အောက်ပါနေရာတို့မှ ရယူကြပါတယ်။
- ADSL (Digital auto Telephone လိုင်းဖြင့် ချိတ်သုံးရန်)
- WiMAX (ကြိုးမဲ့သုံးနိုင်ပါတယ်)
- SkyNet (ဂြိုလ်တုစနစ်ဖြစ်ပါတယ်)
- Mobile (Mobile ဖုန်းများဖြင့် သုံးရပါတယ်)
- WiFi (အခမဲ့ဇုန်များ၊ အခပေး၊ လပေးများဖြင့်သုံးနိုင်)
Website ဆိုတာကတော့ ၂၄ နာရီ မပိတ်ဘဲဖွင့်ထားတဲ့ Server ကွန်ပျူတာတွေပေါ်မှာ လွှင့်တင်ထားတဲ့ ကြည့်ရှုလေ့လာစရာ Page များဖြစ်ပါတယ်။
သတင်း၊ နည်းပညာ၊ အလှအပ၊ စီးပွားရေး၊ အဖွဲ့အစည်း၊ အရုပ်၊ အသံများနှင့် အခြားသော အရာများစွာကို Webpage တွေမှာထည့်သွင်းပြီး အခမဲ့၊ အခပေးတွေအဖြစ် Website ဖန်တီးကြပါတယ်။
ထို Webpage တွေကို အမည်တွေပေးထားပြီး အမည်တူနှစ်ခုမရှိစေရန် ထိန်းချုပ်ထားကြပါတယ်။
ရေးဆွဲဖန်တီးထားသော Website တွေကို အမြဲဖွင့်ထားတဲ့ Server တွေကနေ လွှင့်ပေးထားတာကြောင့် အလွယ်တကူ ဖွင့်ကြည့်နိုင်ပါတယ်။
ဒီလို Website တွေကို အင်တာနက်ပေါ်မှာ ကြည့်နိုင်ဖို့ လိုအပ်တာကတော့ Browser Software တစ်ခုခုပဲဖြစ်ပါတယ်။
စာဖတ်သူ ကွန်ပျူတာဟာ Windows OS ကို သုံးပါက Internet Explorer (IE) ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါမှမဟုတ် Apple Mac ကိုသုံးပါက Safari Browser ပါရှိပါလိမ့်မယ်။ အခြားအမည်ရှိပြီး ထပ်မံထည့်သွင်းကြတာကတော့…
- Mozilla Firefox
- Chrome
- Opera
စတာတွေကို အသုံးများပါတယ်။ အခြား Browser တွေကိုလည်း အလျဉ်းသင့်သလို သုံးနေကြပါတယ်။ ဒီထဲမှာ Chrome ကတော့ ဘာသာအတော်များများကို English ဘာသာဖြင့် ပြောင်းပေးနိုင်ပါတယ်။ အင်တာနက်ကိုသုံးရာဝယ်။ အများစုကတော့ စာဖတ်မယ်၊ Game ဆော့မယ်၊ Software တွေ၊ Data တွေ Download ဆွဲယူမယ်။ ဒါ့အပြင် အခြားနည်းလမ်းအစုံကို မိမိလိုအပ်ချက်အတိုင်း အင်တာနက်ကို သုံးကြပါတယ်။လူငယ်တွေကတော့ Chatting လုပ်ကြတယ်။ Social Network သုံးကြတယ်။
စာဖတ်သူများသိထားရန်မှာ အင်တာနက်မှ Mail များ၊ Social Network များသုံးလိုလျှင်တော့ Account ကို Register လုပ်ရပါတယ်။ ဒါ့အပြင် အချို့သော Website များကလည်း Register လုပ်ရပါတယ်။ ဒါသာမက တန်ဖိုးရှိ Data တွေကိုလည်း ငွေကြေးဖြင့် ဝယ်ယူရတာတွေ ရှိပါသေးတယ်။ဒါ့အပြင် လိမ်လည်သော Website များစွာလည်း ရှိနေပါတယ်။ ဒုက္ခပေးသော Website တွေလည်း ရောပြွမ်းနေတာမို့ သတိထားရပါမယ်။
အင်တာနက်ကို သုံးတဲ့အခါ ဝင်္ကဘာထဲ သွားနေရသလို Click တိုင်းမှာ အဆင့်တွေ အဆင့်တွေ ထပ်ထပ်ပြီး ဝင်နေမှာပါ။ ဒါကြောင့် Click နှိပ်တာတွေကို အလွန်သတိထားရပါမယ်။
| Photo by Firmbee.com on Unsplash |
အပြာရောင်ဖြင့် ပြထားတဲ့ Link ကိုနှိပ်မယ်ကြံတိုင်း Mouse Pointer တင်ကြည့်ပါ။ မြားပြထားတဲ့ နေရာလေးမှာ သွားမယ့် Location ကိုပြလာပါမယ်။ ဒါကိုစစ်ပြီး သေချာမှနှိပ်ပါ။ရှာဖွေခြင်းဆိုင်ရာ နည်းလမ်းများ .. စာဖတ်သူအနေဖြင့် ယခုအခန်းလေးဟာ အလွန်ပင်အသုံးတည့်မှာ ဖြစ်ပါတယ်။ ဥပမာပေး လက်တွေ့လုပ်ဆောင်နိုင်ခြင်းအတွက် Google ကို သုံးထားပါတယ်။ကိုယ်ရယူရှာဖွေလိုတာတွေကို ပိုမိုထိရောက်စွာ ရှာနိုင်ဖို့ ကောင်းစွာ ထောက်ပံ့နိုင်မှာပါ။
၁။ + နှင့် – အသုံး
ကိုယ်အဓိက ရှာဖွေလိုသော Keyword ရှေ့မှ + ကိုထည့်ပေးလိုက်ခြင်းဖြင့် ထို Keyword ကို မပါမဖြစ် နှံ့စပ်စွာ ရှာပေးပါတယ်။ – ကိုတော့ မပါဖို့အတွက် သုံးပါတယ်။
ဥပမာ။ ။ +technology ဆိုပြီး ရှာလျှင် ပိုမိုတိကျစွာ ရရှိပါမယ်။
– technology book ဆိုရင်တော့ book နဲ့ပတ်သက်တာတွေ ကိုသာရှာပေးမှာပါ။
– ကတော့ အသုံးနည်းပါတယ်။ သတိထားရမှာက Space မပါပါဘူး
၂။ ” ” အသုံး
ဒါကိုတော့ စကားစုများတာကို ရှာတဲ့အခါ ထည့်သုံးရပါမယ်။
ဥပမာ။ ။ “golden land of myanmar” လို့ရှာပါက ထိုစကားစုပါသော Website တွေကို စုပေးပါလိမ့်မယ်။ စကားစုအတွက် ပိုသုံးသင့်ပါတယ်။
၃။ * အသုံး
ဒီ * လေးကို ထည့်လိုက်ခြင်းအားဖြင့် ထို Keyword အား နှံ့စပ်စွာ ရှာပေးမှာဖြစ်ပါတယ်။
ဥပမာ။ ။ *tech လိုရှာခြင်းဖြင့် technology, technical, techniques စသဖြင့် ဆိုင်ရာတွေကို ရှာပေးပါလိမ့်မယ်။
၄။ the, a, an, i, you တွေကိုရှောင်သုံး
အထက်ပါစကားလုံးတွေကို ရှာဖွေရန် စကားလုံးအဖြစ် မသတ်မှတ်ပါဘူး။ Message ပြန်ပေးသလို ရှာဖွေချိန်ကိုလည်း ဖြုန်းတီးရာရောက်ပါတယ်။ ၎င်းတို့ကို Stop Words လို့ခေါ်ပါတယ်။ မဖြစ်မနေသုံးလိုပါက ” ” ထဲမှာ ထားသုံးနိုင်ပါတယ်။\
၅။ intitle ကိုထည့်သုံးခြင်း
Website တွေရဲ့ ခေါင်းစဉ်တွေမှာသာ ရှာဖို့သုံးပါတယ်။
ဥပမာ။ ။ intitle : myanmar လို့ရှာလိုက်ပါက ခေါင်းစဉ်တွေမှာ မြန်မာဆိုတာ ပါတာနဲ့ ဖော်ပြပေးပါလိမ့်မယ်။
၆။ intext ကိုသုံးခြင်း
ကိုယ်ရှာချင်တဲ့ စကားလုံးကို Webpage တစ်ခုလုံးမှာရှာဖို့သုံးပါတယ်။
ဥပမာ။ ။ intext : yangon ဆိုပါက yangon ပါလျှင်ထိုဆိုက်ကို ညွှန်းပါလိမ့်မယ်။
၇။ Link တွေကိုကြည့်ရန်
မိမိသိပြီးသား ဆိုက်တစ်ခုမှာ link တွဲဆက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ သုံးပါတယ်။
ဥပမာ။ ။ www.mediumwaybook.com
၈။ အကြောင်းအရာကိုလည်းရှာနိုင်
စာဖတ်သူဟာ အကြောင်းအရာတစ်ခုခုကို သိလိုတဲ့အခါမှာလည်း Search Engine ကတွဲဆက်ရှာပေး နိုင်ပါတယ်။
၉။ File Type ဖြင့်လည်းအမြန်ရှာနိုင်
စာဖတ်သူဟာ Ebook တွေကို ဖတ်ရှုလိုပါက .pdf ဆိုတာကို တွဲဖက်ရှာခိုင်းခြင်းဖြင့် ပိုမြန်ဆန်စွာ ရရှိနိုင်ပါတယ်။
၁၀။ လုပ်ငန်းခေါင်းစဉ်ကိုသုံးနိုင်
စာဖတ်သူအနေဖြင့် ဥရောပတိုက်ကို သွားရောက်လည်ပတ်ရန် ခရီးသွား Company တစ်ခုခုနှင့် ချိတ်ဆက်လိုတဲ့အခါ “europe travel company” ဆိုပြီး အလွယ်ရှာနိုင်ပါတယ်။
၁၁။ တန်ကြေးကန့်သတ်ရှာဖွေခြင်း
မော်တော်ကားတစ်စီးကို ကိုယ်တတ်နိုင်တဲ့ တန်းကြေးအတွင်း ရှာလိုတဲ့အခါ “toyota car $2000 …. $ 5000” ဆိုပြီး ရှာလိုက်ပါ။ ထိုစျေးအတွင်း ရောင်းချပေးသော ကားစာရင်းရှိရာ Site ကို ညွှန်ပြပါလိမ့်မယ်။
၁၂။ ပုံတွေသာရှာဖွေဖို့
ဓါတ်ပုံတွေနှင့် အခြားပုံအမျိုးမျိုး ရှာဖွေဖို့အတွက် Google ရဲ့ Image လိုင်းမှရှာဖွေပါက ပုံများကို ဦးစားပေး ဖော်ပြပြီး ရှာပေးပါလိမ့်မယ်။
| Photo by Green Chameleon on Unsplash |
၁၃။ သတင်းတွေကို ရှာသောအခါ
သတင်းတစ်ခုခုကို ခေါင်းစဉ်သာသိပြီး နေရာမတိမကျဖြစ်နေပါက ” riot location : thailand ” ဆိုပြီး ရှာနိုင်ပါတယ်။ အဓိက သုံးလိုက်တာကတော့ Location ဖြစ်ပါတယ်။
၁၄။ သတင်းသီးသန့်ရှာဖို့
http://news.google.com ကို အသုံးပြုပြီး ရှာဖွေပါ။ ဒါက Google အသုံးအတွက် ပြောတာပါ။
၁၅။ source ကိုလည်းသုံးတတ်ဖို့
ကိုယ်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ပါရှိသမျှ Website တွေကို လိုချင်တဲ့အခါ သုံးရပါတယ်။
ဥပမာ။ ။ “stevejobs source: time” ဆိုလျှင် Time သတင်းစာမှာ တောက်လျှောက် ဖော်ပြခဲ့သော stevejobs ရဲ့ သတင်းမှန်သမျှ ဖတ်ရမှာ ဖြစ်ပါတယ်။
Source: Internet / minsithu.org / devminsithu