လွယ်လွယ်ပြောရရင် Internet ဆိုတာ အမြဲဖွင့်ထားတဲ့ Server ကွန်ပျူတာတွေကို ချိတ်ဆက်ထားပြီး အပြန်အလှန် စီးမြောနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ Network အစုအဝေးလို့လည်း ခေါ်နိုင်ပါတယ်။

ကမ္ဘာကြီးဟာ cable တွေ လွှမ်းခြုံလာတာကြောင့် ကွန်ယက်ထဲရောက်နေတဲ့ ဘောလုံးလိုမျိုး ဖြစ်လာပြီ။ လေယာဉ်၊ ဂြိုလ်တု စီးသွားစရာမလိုပဲ အင်တာနက်ပေါ် တက်လိုက်ရုံနဲ့ ကမ္ဘာကို အမြန်ဆုံး ပတ်သွားနိုင်ပြီ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို စက္ကန့်ပိုင်းအတွင်း စာတစ်စောင် ပို့မလား၊ မျက်နှာတွေ့ပြီး စကားပြောမလား။ သတင်းတစ်ခုကို သတင်းစာထွက်လာတဲ့အထိ စောင့်ဖတ်စရာမလိုဘူး — မိနစ်ပိုင်းအတွင်း လွှင့်တင်သူရှိရင် အလွယ်ကြည့်ရှုနိုင်တယ်။ မြန်မာမှာဆိုရင်လည်း ၂၀၁၃ ဟာ မိုဘိုင်းအင်တာနက်ခေတ် ဖြစ်လာပြီ။

အင်တာနက်လိုင်းကို ရယူနည်းတွေက အများကြီး ရှိတယ်။

  • ADSL — ဖုန်းလိုင်းနဲ့ ချိတ်သုံးတာ
  • WiMAX — ကြိုးမဲ့သုံးနိုင်တာ
  • SkyNet — ဂြိုလ်တုစနစ်ဖြစ်ပါတယ်
  • Mobile — ဖုန်းနဲ့ သုံးတာ
  • WiFi — အခမဲ့ဇုန်၊ အခပေး၊ လပေးနဲ့ သုံးနိုင်တာ

Website ဆိုတာကတော့ ၂၄ နာရီ မပိတ်ဘဲဖွင့်ထားတဲ့ Server ကွန်ပျူတာတွေပေါ်မှာ လွှင့်တင်ထားတဲ့ ကြည့်ရှုလေ့လာစရာ page များဖြစ်ပါတယ်။ သတင်း၊ နည်းပညာ၊ အလှအပ၊ စီးပွားရေး၊ အဖွဲ့အစည်း၊ အရုပ်၊ အသံများစွာကို webpage တွေမှာ ထည့်ပြီး အခမဲ့၊ အခပေးအဖြစ် website တွေ ဖန်တီးကြတယ်။ ထို webpage တွေကို အမည်တွေ ပေးထားတယ်။ အမည်တူ နှစ်ခု မရှိစေရန် ထိန်းချုပ်ထားတယ်။

ဒီလို website တွေကို အင်တာနက်ပေါ်မှာ ကြည့်ဖို့ လိုအပ်တာကတော့ Browser software တစ်ခုခုပဲဖြစ်ပါတယ်။ Windows သုံးရင် Internet Explorer (IE) ပါရှိပြီးသားပဲ။ Apple Mac သုံးရင် Safari ပါလာတယ်။ အခြားထပ်မံထည့်သွင်းသုံးကြတာတွေက…

  • Mozilla Firefox
  • Chrome
  • Opera

ဒီထဲမှာ Chrome ကတော့ ဘာသာအတော်များများကို English ဘာသာနဲ့ ပြောင်းပေးနိုင်တယ်။ အင်တာနက်ကို အများစုက စာဖတ်မယ်၊ game ဆော့မယ်၊ software တွေ၊ data တွေ download ဆွဲမယ်။ လူငယ်တွေကတော့ chatting လုပ်ကြတယ်၊ social network သုံးကြတယ်။

တစ်ခုသတိထားရမှာက — အင်တာနက်ပေါ်က mail တွေ၊ social network တွေသုံးချင်ရင် account register လုပ်ရတယ်။ တန်ဖိုးရှိ data တွေကို ငွေပေးဝယ်ရတာလည်း ရှိတယ်။ ဒါ့အပြင် လိမ်လည်တဲ့ website တွေ၊ ဒုက္ခပေးတဲ့ website တွေလည်း ရောပြွမ်းနေတာမို့ သတိထားရမယ်။

အင်တာနက်ကို သုံးတဲ့အခါ click တိုင်းကို သတိထားပါ။ အပြာရောင်နဲ့ ပြထားတဲ့ link ကို နှိပ်မယ်ကြံတိုင်း mouse pointer တင်ကြည့်ပါ။ မြားပြထားတဲ့နေရာမှာ သွားမယ့် location ကို ပြလာပါလိမ့်မယ်။ အဲဒါကို စစ်ပြီးမှ သေချာမှ နှိပ်ပါ။

ရှာဖွေခြင်းဆိုင်ရာနည်းလမ်းတွေကတော့ အရမ်းအသုံးဝင်ပါတယ်။ ဥပမာပေး လက်တွေ့လုပ်ပြဖို့ Google ကို သုံးထားတယ်။

  • ၁။ + နှင့် – အသုံး — ကိုယ်အဓိက ရှာလိုတဲ့ keyword ရှေ့မှာ + ထည့်ရင် ထို keyword ကို မပါမဖြစ် နှံ့စပ်စွာ ရှာပေးတယ်။ – ကတော့ မပါဖို့အတွက် သုံးတယ်။ ဥပမာ — +technology လို့ ရှာရင် ပိုတိကျတယ်။ – technology book ဆိုရင်တော့ book နဲ့ ပတ်သက်တာတွေကိုပဲ ရှာပေးမှာ။ – က အသုံးနည်းတယ်။ သတိထားရမှာက space မပါဘူး။
  • ၂။ ” ” အသုံး — စကားစုများတာကို ရှာတဲ့အခါ ထည့်သုံးရတယ်။ ဥပမာ — “golden land of myanmar” လို့ ရှာရင် ထိုစကားစုပါတဲ့ website တွေကို စုပေးပါလိမ့်မယ်။
  • ၃။ * အသုံး — ဒီ * လေးကို ထည့်ရင် ထို keyword ကို နှံ့စပ်စွာ ရှာပေးတယ်။ ဥပမာ — *tech လို့ ရှာရင် technology, technical, techniques စသဖြင့် ဆိုင်ရာတွေကို ရှာပေးတယ်။
  • ၄။ the, a, an, i, you တွေကိုရှောင်သုံး — ဒီစကားလုံးတွေကို ရှာဖွေရန် စကားလုံးအဖြစ် မသတ်မှတ်ဘူး။ ၎င်းတို့ကို stop words လို့ ခေါ်တယ်။ မဖြစ်မနေ သုံးလိုရင် ” ” ထဲမှာ ထားသုံးနိုင်တယ်။
  • ၅။ intitle ကိုထည့်သုံးခြင်း — website တွေရဲ့ ခေါင်းစဉ်တွေမှာသာ ရှာဖို့ သုံးတယ်။ ဥပမာ — intitle: myanmar လို့ ရှာရင် ခေါင်းစဉ်မှာ မြန်မာပါတာနဲ့ ဖော်ပြပေးတယ်။
  • ၆။ intext ကိုသုံးခြင်း — ကိုယ်ရှာချင်တဲ့ စကားလုံးကို webpage တစ်ခုလုံးမှာ ရှာဖို့ သုံးတယ်။ ဥပမာ — intext: yangon ဆိုရင် yangon ပါတဲ့ site ကို ညွှန်းတယ်။
  • ၇။ link တွေကိုကြည့်ရန် — မိမိသိပြီးသား site တစ်ခုမှာ link တွဲဆက်မှု ဘယ်လောက်ရှိလဲ သိနိုင်ဖို့ သုံးတယ်။ ဥပမာ — www.mediumwaybook.com
  • ၈။ အကြောင်းအရာကိုလည်းရှာနိုင် — အကြောင်းအရာတစ်ခုခု သိလိုတဲ့အခါ search engine က တွဲဆက်ရှာပေးနိုင်တယ်။
  • ၉။ file type ဖြင့်လည်းအမြန်ရှာနိုင် — ebook တွေ ဖတ်ချင်ရင် .pdf ဆိုတာကို တွဲရှာရင် ပိုမြန်တယ်။
  • ၁၀။ လုပ်ငန်းခေါင်းစဉ်ကိုသုံးနိုင် — ဥရောပတိုက်ကို ခရီးသွား company တစ်ခုနဲ့ ချိတ်ဆက်လိုရင် “europe travel company” လို့ အလွယ်ရှာနိုင်တယ်။
  • ၁၁။ တန်ကြေးကန့်သတ်ရှာဖွေခြင်း — ကားတစ်စီးကို ကိုယ်တတ်နိုင်တဲ့ တန်းကြေးအတွင်း ရှာလိုရင် “toyota car $2000 …. $5000” လို့ ရှာလိုက်ပါ။ ထိုစျေးအတွင်း ရောင်းပေးတဲ့ ကားစာရင်းရှိရာ site ကို ညွှန်ပြတယ်။
  • ၁၂။ ပုံတွေသာရှာဖွေဖို့ — ဓာတ်ပုံတွေ ရှာဖို့ Google ရဲ့ image လိုင်းက ရှာရင် ပုံတွေကို ဦးစားပေး ဖော်ပြတယ်။
  • ၁၃။ သတင်းတွေကို ရှာသောအခါ — သတင်းတစ်ခု ခေါင်းစဉ်သာသိပြီး နေရာမတိကျရင် “riot location : thailand” လို့ ရှာနိုင်တယ်။ အဓိက သုံးတာကတော့ location ပဲ။
  • ၁၄။ သတင်းသီးသန့်ရှာဖို့
  • ၁၅။ source ကိုလည်းသုံးတတ်ဖို့ — ကိုယ်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ပါရှိသမျှ website တွေ လိုချင်ရင် သုံးတယ်။ ဥပမာ — “stevejobs source: time” ဆိုရင် Time သတင်းစာမှာ ဖော်ပြခဲ့တဲ့ stevejobs ရဲ့ သတင်းမှန်သမျှ ဖတ်ရမှာပဲ။

ကဲ… ဒီလောက်ဆို အင်တာနက်ဆိုတာ ဘာလဲ၊ ဘယ်လို သုံးရမလဲ၊ ဘယ်လို ရှာရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ Click တိုင်းကို တစ်ချက်လောက် တွေးပြီးမှ နှိပ်ပါနော်။ 🙂