iPhone Users တွေအတွက် Semi Restore အကြောင်းကိုရှင်းပြပေးလိုက်ပါတယ်။ Semi Restore ဆိုတာ သင့်ရဲ့ iDevices (iPhone/Pad/Pod touch) ကို iOS firmware စသွင်းပြီးကာစ အခြေအနေသို့ရောက်အောင် Restore လုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီလို Firmware ကို အသစ်အတိုင်း restore ပြန်လုပ်ဖို့အတွက် iTunes ဆော့ဝဲကိုလုံးဝအသုံးပြုစရာမလိုဘဲ Semi Restore လို့ခေါ်တဲ့ Tool တစ်ခုနဲ့တင် မိမိ ရဲ့ iDevices ကို ဘာဆော့ဝဲမှမသွင်းရသေးတဲ့ Firmware အသစ်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးမှာဖြစ်ပါတယ်။
![]() |
| Photo by Maxim Ilyahov on Unsplash |
Firmware ကို restore ပြန်လုပ်မှာဖြစ်တဲ့အတွက် iDevices ထဲက cydia tweaks တွေနဲ့ ဖုန်းတွင်ရှိ data တွေကတော့ အကုန်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် iDevices ကို Jailbreak လုပ်ထားတဲ့အခြေအနေကို မပျက်ပြယ်အောင် ထိန်းသိမ်းပေး ထားမှာဖြစ်ပါတယ်။ ဆိုလိုတာက iDevices ရဲ့ Firmware က အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Jailbreak ကတော့ထပ်လုပ်စရာမလိုတော့ပါဘူး ။
Root လုပ်ထားတဲ့ Android OS ဖုန်းတွေကို Factory Reset ချလိုက်လို့ Firmware အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Root (Super User) ကမပျောက်သွားတဲ့သဘောအတိုင်းပါပဲ။
![]() |
| Photo by Rahul Chakraborty on Unsplash |
ဒီလို Semi Restore လို့ခေါ်တဲ့ Tool ပေါ်လာတာဟာ iDevices မှာ Cydia Tweaks တွေကလိလွန်းလို့ Devices က error (eg- Safe Mode) များနေတဲ့သူတွေ ၊ Firmware အသစ်တင်ချင်ပေမယ့် Jailbreak ပျောက်သွားမှာစိုးလို့ ဒီအတိုင်းလေး ပေတေပြီးသုံးနေရတဲ့ iOS users တွေအတွက် သတင်းကောင်းတစ်ရပ်ပါပဲ။ firmware အသစ်တင်စရာ မလိုဘဲ လက်ရှိ firmware ကို newly state (Unactivated Firmware State)သို့ရောက်အောင် ပြန်လည် restore လုပ်ပေးသွားမှာဖြစ်ပါတယ်။
Credit To Original Writer

