လွယ်လွယ်ပြောရရင် Semi Restore ဆိုတာ Jailbreak လုပ်ထားတဲ့ ကိုယ့် iPhone (ဒါမှမဟုတ် iPad / iPod touch) ကို iTunes လုံးဝမသုံးဘဲ၊ firmware အသစ်အတိုင်း ပြန်ဖြစ်အောင် restore လုပ်ပေးတဲ့ tool တစ်ခုဖြစ်ပါတယ်။

ဖုန်းထဲမှာ Cydia tweaks တွေ အများကြီး တင်ထားလို့ error တွေ (ဥပမာ — Safe Mode) တက်နေတဲ့သူတွေ၊ firmware အသစ်တင်ချင်ပေမယ့် jailbreak ပျောက်သွားမှာစိုးလို့ ဒီအတိုင်းလေး ပေတေပြီးသုံးနေရတဲ့သူတွေ အတွက် ဒါက သတင်းကောင်းတစ်ရပ်ပါပဲ။

Semi Restore က ဘာလုပ်ပေးသလဲဆိုရင်…

  • iTunes မသုံးဘဲ လက်ရှိ firmware ကို newly state (unactivated firmware state) ဆီ ရောက်အောင် ပြန်လည် restore လုပ်ပေးတယ်
  • ဖုန်းထဲက Cydia tweaks တွေနဲ့ data တွေကတော့ အကုန် ပျက်သွားမယ်
  • ဒါပေမယ့် jailbreak လုပ်ထားတဲ့ အခြေအနေကို မပျက်ပြယ်အောင် ထိန်းသိမ်းပေးထားတယ် — firmware က အသစ်အတိုင်း ဖြစ်သွားရင်တောင်မှ jailbreak ကို ထပ်လုပ်စရာမလိုတော့ဘူး

ဥပမာနဲ့ ပြောရရင် root လုပ်ထားတဲ့ Android ဖုန်းကို factory reset ချလိုက်လို့ firmware အသစ်အတိုင်း ဖြစ်သွားရင်တောင်မှ root (super user) ကမပျောက်သွားတဲ့သဘောအတိုင်းပါပဲ။

ဒီလောက်ဆို Semi Restore ဆိုတာ ဘာလဲ၊ ဘယ်သူ့တွေ အတွက် အသုံးဝင်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ Jailbreak လုပ်ထားတဲ့ ဖုန်းကို ဖြောင့်ဖြောင့်တန်းတန်း သုံးချင်သူတွေ အတွက် တော်တော်လေး အဆင်ပြေတဲ့ tool တစ်ခုပါ။ 🙂

Credit To Original Writer