လွယ်လွယ်ပြောရရင် Cloud Gaming ဆိုတာ ဂိမ်းကို ကိုယ့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာထဲမှာ Install မလုပ်ဘဲ၊ အဝေးက Server မှာ Run ပြီး Video လို Stream ကြည့်ဆော့တဲ့နည်းပါ။ ကိုယ့်စက်က ဂိမ်းကို Run တာမဟုတ်ဘူး။ Server က Run ပေးပြီး ပုံကို ကိုယ့်ဆီ ပို့ပေးတာပါ။

ကျွန်တော် ဒါကို Netflix နဲ့ ဥပမာပေးချင်တယ်။ အရင်က ရုပ်ရှင်ကြည့်ချင်ရင် DVD ဝယ်ရတယ်၊ Download လုပ်ရတယ်။ အခု Netflix မှာ ရုပ်ရှင်ကို Download မလုပ်ဘဲ တိုက်ရိုက် Stream ကြည့်လို့ ရပါတယ်။ Cloud Gaming လည်း အတူတူပါပဲ။ ဂိမ်းကို Download မလုပ်ဘဲ၊ Install မလုပ်ဘဲ၊ Stream ဆော့လိုက်တာပါ။ ကိုယ့်နှိပ်လိုက်တဲ့ ခလုတ်ကို Server ဆီ ပို့တယ်။ Server က ဂိမ်းထဲမှာ လှုပ်ရှားပေးပြီး ပုံကို ပြန်ပို့ပေးတယ်။

ဘယ်လိုတွေ သုံးလို့ ရလဲ?

အခု နာမည်ကြီး Cloud Gaming Service တွေ အများကြီး ရှိပါတယ်။

Xbox Cloud Gaming — Microsoft ရဲ့ Service ပါ။ Game Pass Ultimate နဲ့အတူ ပါလာပါတယ်။ ဖုန်း၊ Tablet၊ Browser ကနေ Xbox ဂိမ်းတွေကို တိုက်ရိုက်ဆော့လို့ ရပါတယ်။
GeForce NOW — NVIDIA ရဲ့ Service ပါ။ Steam, Epic Games မှာ ကိုယ်ဝယ်ထားတဲ့ ဂိမ်းတွေကို NVIDIA ရဲ့ Server မှာ Run ပြီး ဆော့လို့ ရပါတယ်။
PlayStation Plus Premium — Sony ရဲ့ Service ပါ။ PS ဂိမ်းတချို့ကို Cloud ကနေ Stream ဆော့လို့ ရပါတယ်။

ဒီ Service တွေက ဖုန်း၊ Tablet၊ Laptop အဟောင်း၊ Smart TV — ဘာစက်နဲ့မဆို ဆော့လို့ ရပါတယ်။ ဂိမ်းဆော့ဖို့ ဈေးကြီးတဲ့ Gaming PC ဒါမှမဟုတ် Console ဝယ်စရာ မလိုတော့ဘူးလေ။

အားသာချက်တွေက ဘာလဲ?

စက်ဈေးကြီး မလိုဘူး။ ဈေးကြီးတဲ့ GPU ပါတဲ့ ကွန်ပျူတာ မလိုပါဘူး။ ဖုန်းတစ်လုံးနဲ့တောင် ဂိမ်းကြီးတွေ ဆော့လို့ ရပါတယ်။
Download စောင့်စရာ မလိုဘူး။ ဂိမ်းတစ်ခုက 100GB ကျော် ရှိတတ်ပါတယ်။ Download လုပ်ရင် နာရီချီ ကြာပါတယ်။ Cloud Gaming မှာတော့ Click လုပ်တာနဲ့ ချက်ချင်း ဆော့လို့ ရပါတယ်။
နေရာတိုင်း ဆော့လို့ ရတယ်။ အိမ်မှာ Laptop နဲ့ ဆော့ထားတာကို အပြင်မှာ ဖုန်းနဲ့ ဆက်ဆော့လို့ ရပါတယ်။ Save Data က Cloud ထဲမှာ ရှိလို့ပါ။
Hardware Update လုပ်စရာ မလိုဘူး။ ဂိမ်းအသစ်ထွက်တိုင်း GPU လဲစရာ မလိုပါဘူး။ Server ဘက်က အမြဲ နောက်ဆုံးပေါ် Hardware သုံးထားပြီးသားပါ။

အားနည်းချက်တွေက ဘာလဲ?

Internet ကောင်းမှ ရပါတယ်။ Cloud Gaming ရဲ့ အသက်က Internet ပါ။ မြန်ပြီး တည်ငြိမ်တဲ့ Internet မရှိရင် ဂိမ်းဆော့လို့ မရပါဘူး။
Latency က ပြဿနာပါ။ ကိုယ်နှိပ်လိုက်တဲ့ ခလုတ်က Server ဆီ သွားပြီး ပုံ ပြန်လာဖို့ အချိန်နည်းနည်း ကြာပါတယ်။ ဒါကို Latency လို့ ခေါ်ပါတယ်။ ရုပ်ရှင်ကြည့်တာမျိုးမှာတော့ ပြဿနာ မရှိပေမယ့်၊ Shooting Game လို မြန်မြန်တုံ့ပြန်ရတဲ့ ဂိမ်းတွေမှာတော့ Latency နည်းနည်းလေးက အနိုင်အရှုံး ကွာသွားနိုင်ပါတယ်။
Data အများကြီး သုံးတယ်။ ဂိမ်း Stream တစ်နာရီက Data 10GB လောက် သုံးနိုင်ပါတယ်။ Wi-Fi မဟုတ်ဘဲ Mobile Data နဲ့ ဆော့ရင် Data ကုန်တာ မြန်ပါတယ်။
ဂိမ်းမပိုင်ဘူး။ ကိုယ် ဆော့နေတဲ့ ဂိမ်းက Service ထဲက ထုတ်သွားရင် ဆော့လို့ မရတော့ပါဘူး။ ကိုယ် Download လုပ်ထားတဲ့ ဂိမ်းလို အမြဲတမ်း ကိုယ့်ဟာ မဟုတ်ပါဘူး။
Internet မရှိရင် ဆော့လို့ မရဘူး။ Offline ဆော့တဲ့ Option မရှိပါဘူး။ လေယာဉ်ပေါ်၊ Internet မကောင်းတဲ့နေရာမှာဆို Cloud Gaming က အလုပ်မဖြစ်ပါဘူး။

ဆော့ဖို့ ဘာတွေ လိုလဲ?

Internet မြန်ဖို့ လိုပါတယ်။ အနည်းဆုံး 15 Mbps လောက် ရှိရင် 720p နဲ့ ဆော့လို့ ရပါတယ်။ 1080p ကောင်းကောင်း ဆော့ချင်ရင် 25 Mbps လောက် လိုပါတယ်။ 4K ဆော့ချင်ရင်တော့ 45 Mbps ကျော် လိုပါတယ်။
Wi-Fi ထက် Cable (Ethernet) နဲ့ ချိတ်တာ ပိုကောင်းပါတယ်။ Wi-Fi က Latency များတတ်လို့ပါ။
Controller တစ်ခု ရှိရင် ပိုကောင်းပါတယ်။ Xbox Controller, PlayStation Controller တွေကို ဖုန်း၊ Tablet နဲ့ Bluetooth ချိတ်ပြီး ဆော့လို့ ရပါတယ်။

ကျွန်တော် Cloud Gaming ကို စိတ်ဝင်စားတာက ဂိမ်းဆော့ဖို့ ဈေးကြီးတဲ့ စက်ဝယ်စရာ မလိုတော့တဲ့ အချက်ပါ။ အရင်က ဂိမ်းကြီးတစ်ခု ဆော့ချင်ရင် Gaming PC တစ်လုံး ဝယ်ရတယ်။ အခုတော့ ကိုယ့်ဖုန်းနဲ့တောင် စမ်းဆော့ကြည့်လို့ ရပါပြီ။ Internet မြန်လာလေလေ Cloud Gaming က ပိုကောင်းလာလေလေပါပဲ။ နောက်ပိုင်းမှာ ဂိမ်းဆော့တဲ့ ပုံစံကိုယ်တိုင်က ပြောင်းသွားနိုင်ပါတယ်။ ဂိမ်းကို ဝယ်တာမဟုတ်ဘဲ၊ ဂိမ်းဆော့တဲ့ Service ကို လစဉ် ငှားသုံးတဲ့ ခေတ် ရောက်လာမှာပါ။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts